အာဂျင်တီးနား အသင်းဟာ အယ်လ်ဂျီးရီးယားနဲ့ ရင်ဆိုင်ပြီး သူတို့ရဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ကာကွယ်ဖို့ ခရီးလမ်း စတင်တော့မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ နည်းပြ လီယွန်နယ် စကယ်လိုနီ ကတော့ ဒီနွေရာသီမှာ သူ့အသင်းရဲ့ အခွင့်အရေး အပေါ် ယုံကြည်မှု ရှိနေပါတယ်။
လက်ရှိချန်ပီယံ အာဂျင်တီးနားဟာ အီတလီနဲ့ ဘရာဇီးလ်တို့ ပြီးရင် ကမ္ဘာ့ဖလားကို နှစ်ကြိမ် ဆက်တိုက် ဆွတ်ခူးနိုင်တဲ့ တတိယမြောက် အသင်း ဖြစ်လာဖို့ ရည်မှန်းနေတာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းမှာ အာဂျင်တီးနား (၃ ကြိမ်) ထက် ပိုပြီး ဗိုလ်စွဲဖူးတာဆိုလို့ ဘရာဇီးလ် (၅ ကြိမ်)၊ ဂျာမနီနဲ့ အီတလီ (၄ ကြိမ်စီ) သာ ရှိပါတယ်။ ဒါပေမယ့် အာဂျင်တီးနား အသင်း ၁၉၇၈ ခုနှစ်မှာ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့ပြီး နောက်ပိုင်း ကာလတွေကို ပြန်ကြည့်ရင်တော့ သူတို့လောက် ကမ္ဘာ့ဖလား ဆုဖလားကို အကြိမ်ရေ အများဆုံး ကိုင်မြှောက်နိုင်ခဲ့တဲ့ နိုင်ငံ မရှိသေးပါဘူး။
အာဂျင်တီးနားဟာ ချန်ပီယံဆု ကာကွယ်ပွဲ အဖြစ် လာမယ့် အင်္ဂါနေ့မှာ Kansas City Stadium အတွင်း အယ်လ်ဂျီးရီးယားနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဒါဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက် နှစ်သင်း အကြား ပထမဆုံးအကြိမ် ဆုံတွေ့မှုလည်း ဖြစ်ပါတယ်။ သူတို့ နှစ်သင်းရဲ့ တစ်ကြိမ်တည်းသော တွေ့ဆုံမှု ကတော့ ၂၀၀၇ ဇွန်လတုန်းက ဘာစီလိုနာရဲ့ နူးကမ့်ကွင်းမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲ ဖြစ်ပြီး အဲဒီပွဲမှာ အာဂျင်တီးနားက ၄-၃နဲ့ အနိုင်ရခဲ့ကာ လီယွန်နယ် မက်ဆီက လက်ရွေးစင် အသင်း အတွက် သူ့ရဲ့ ပထမဆုံး သွင်းဂိုး ၂ ဂိုး ကို သွင်းယူပေးခဲ့ပါတယ်။

စကယ်လိုနီက သူ့အသင်း အနေနဲ့ ချန်ပီယံဆုကို ဆက်ထိန်းထားနိုင်မယ့် အခွင့်အရေး အပေါ် အကောင်းမြင်နေပေမယ့် ဘယ်အရာမှ အလွယ်တကူ ရလာမှာမဟုတ်ဘူးလို့ ယုံကြည်ထားပါတယ်။ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ စကယ်လိုနီက “ကမ္ဘာ့ချန်ပီယံ ဖြစ်ထားလို့ ဘာအာမခံချက်မှ ရှိမလာပါဘူး။ ကျွန်တော်တို့ အရင်အတိုင်း ဆက်ပြီး ယှဉ်ပြိုင်သွားရမှာ ဖြစ်သလို၊ ရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ ထိုက်တန်ကြောင်း ထပ်ပြီး သက်သေပြရပါမယ်။ အရင်လို စိတ်ဓာတ်မျိုးနဲ့ပဲ ဆက်လက် ယှဉ်ပြိုင်ပြီး အရေးကြီးတဲ့ အချိန်တွေမှာ ခြေစွမ်းပြနိုင်ဖို့ မျှော်လင့်ထားပါတယ်။”
“ကျွန်တော်တို့ အခြေအနေကောင်းသလို တည်တည်ငြိမ်ငြိမ်လည်း ရှိနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပြီး တော်တော်လေး အဆင်သင့် ဖြစ်တဲ့ ပုံစံမျိုးနဲ့ ရောက်ရှိလာတာပါ။ ကျွန်တော်တို့ ဆီမှာ ၂၀၂၂ တုန်းက အတွေ့အကြုံရှိပြီးသား ဖြစ်လို့ ပထမဆုံးပွဲစဉ်ဟာ အရေးကြီးပေမယ့် ဒါဟာ အဆုံးအဖြတ် မဟုတ်ဘူး ဆိုတာ သိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေမှာ ၂၆ ပွဲ အထိ ကစားထားပြီး ဒါဟာ ဘယ်ကစားသမားထက်မဆို ပိုများတဲ့ စံချိန်ဖြစ်ကာ ၁၃ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ထားပါတယ်။ အကယ်၍ သူသာ အယ်လ်ဂျီးရီးယားနဲ့ ပွဲမှာ ပါဝင် ကစားခွင့်ရရင် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၆ ကြိမ်မြောက် အထိ ပါဝင်ဆင်နွှဲတဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ကစားသမား ဖြစ်လာမှာပါ တဖက်မှာ ခရစ္စတီယာနို ရော်နယ်ဒို ကလည်း ဒီစံချိန်ကို လိုက်မှီနိုင်ခြေ ရှိနေပါတယ်။
“လီယို မက်ဆီက ကျွန်တော်တို့ အသင်း အတွက် အမြဲတမ်း ရှိနေပေးခဲ့သလို အမြဲတမ်းလည်း အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် သူက ပိုပြီးတော့တောင် အရေးပါလာဦးမှာ ဖြစ်ပြီး လက်ရှိ မှာလည်း အကောင်းဆုံး ပုံစံမျိုး ရှိနေပါတယ်။” လို့ စကယ်လိုနီက ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


