စီးရီးအေ ကလပ် အင်တာမီလန်ရဲ့ နည်းပြချုပ် ခရစ္စတီယန် ချီဗူးဟာ အသင်းနဲ့ အတူ ပထမဆုံး ရာသီမှာတင် ဆုဖလားနှစ်လုံး ဆွတ်ခူးနိုင်ခဲ့သူပါ။ ဒါကြောင့် သူဟာ ဆန်စီရိုကွင်းမှာ ၂၀၂၈ ခုနှစ် ဇွန်လ အထိ ဆက်ရှိနေမယ့် စာချုပ်သက်တမ်းတိုးမြှင့်မှုကို လက်ခံလိုက်ပြီး လက်မှတ် ရေးထိုးလိုက်ပြီလည်း ဖြစ်ပါတယ်။
ချီဗူးဟာ ဖီဖာ ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်မီ ဆီမွန်နီ အင်ဇာဂီရဲ့ နေရာမှာ အစားထိုး ဝင်ရောက်လာခဲ့ပြီးနောက် ပထမဆုံးရာသီမှာတင် အင်တာမီလန် အသင်းကို စီးရီးအေ ချန်ပီယံဆုနဲ့ ကိုပါအီတာလီယာ ဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အံ့မခန်း ရာသီ တစ်ခုကို ဖြတ်သန်းခဲ့တာပါ။ သူဟာ အင်တာမီလန်ကို ပြိုင်ပွဲစုံ ၅၈ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၃၈ ပွဲအထိ အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ၉ ပွဲ သရေ၊ ၁၁ ပွဲ ရှုံးနိမ့်ကာ နိုင်ပွဲ ရာခိုင်နှုန်း ၆၅.၅ ရာခိုင်နှုန်း အထိ ရရှိခဲ့ပါတယ်။
ချီဗူးဟာ ပါးမားကို ၁၃ ပွဲသာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီးတော့ ၃ ပွဲနိုင်၊ ၇ ပွဲသရေ၊ ၃ ပွဲ ရှုံး ရလဒ် ရရှိခဲ့ပါတယ်။ သူဟာ ပါးမားမှာ အားရစရာ ရလဒ်တွေ ပိုင်ဆိုင်နိုင်ခဲ့ခြင်း မရှိပေမယ့် အင်တာမီလန် မှာတော့ ပွဲဦးထွက် ရာသီမှာတင်ပဲ အစွမ်းပြနေခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ချီဗူးဟာ ကစားသမား ဘဝ မှာတုန်းက အေဂျက်စ်၊ ရိုးမား၊ အင်တာမီလန် တို့မှာ ဖြတ်သန်းခဲ့ပြီးတော့ အင်တာမီလန် အတွက်တော့ ၁၆၂ ပွဲ ကစားပြီး ၃ ဂိုး သွင်းယူပေးခဲ့ပါတယ်။
သမိုင်းဝင် စံချိန်တွေကို ရေးထိုးခဲ့တဲ့ ချီဗူး
ရိုမေးနီးယား လူမျိုး နည်းပြ ချီဗူးဟာ အခုလို ဆုဖလားတွေ ရယူပေးနိုင်ခဲ့တာကြောင့် အင်တာမီလန် အသင်းရဲ့ သမိုင်းစာမျက်နှာမှာ စံချိန်သစ်တွေ အများကြီး တင်နိုင်ခဲ့ပါတယ်။ ပထမဆုံးရာသီမှာတင် စီးရီးအေ ချန်ပီယံ ရယူနိုင်တဲ့ ၅ ယောက်မြောက် နည်းပြလည်း ဖြစ်ခဲ့ပါတယ်။ ဒါဟာ အားပတ်ဝရိုက်ဇ် (၁၉၂၉-၃၀)၊ အယ်လ်ဖရက်ဒို ဖိုနီ (၁၉၅၂-၅၃)၊ ဂျီယိုဗာနီ အင်ဗာနစ်ဇီ (၁၉၇၀-၇၁) နဲ့ ဟိုဆေး မော်ရင်ညို (၂၀၀၈-၀၉) တို့ ပြီးရင် ချီဗူးဟာ ပထမဆုံး ရာသီမှာတင် အမှတ်ပေးချန်ပီယံ ဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ ၅ ယောက်မြောက် နည်းပြ ဖြစ်ခဲ့တာပါ။

ဒါ့အပြင် ကိုပါအီတာလီယာဖလား ကိုပါ ထပ်မံ ဆွတ်ခူးနိုင်ခဲ့တာကြောင့် ချီဗူးဟာ အင်တာမီလန် အသင်း သမိုင်းမှာ စီးရီးအေနဲ့ ကိုပါအီတာလီယာ ဖလား နှစ်လုံးစလုံးကို ကစားသမား ဘဝနဲ့ရော နည်းပြ ဘဝနဲ့ပါ တစ်နှစ်တည်းမှာ ရယူနိုင်ခဲ့တဲ့ “ တစ်ဦးတည်းသော ပုဂ္ဂိုလ်” အဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။
အင်တာမီလန်ရဲ့ အားကောင်းတဲ့ တိုက်စစ်ခြေစွမ်း
အင်တာမီလန် အသင်းဟာ ဒီရာသီမှာ သွင်းဂိုး ၈၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး၊ ဒါဟာ သူတို့ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ ရာသီတွေ ဖြစ်တဲ့ ၂၀၂၀-၂၁ နဲ့ ၂၀၂၃-၂၄ ရာသီတွေတုန်းက သွင်းယူခဲ့တဲ့ ဂိုးအရေအတွက် အတိုင်း ကွက်တိပဲ ဖြစ်ပါတယ်။ နီရာဇူရီ တို့ဟာ မေလ ၃ ရက်နေ့က ချီဗူးရဲ့ အသင်းဟောင်း ဖြစ်တဲ့ ပါးမား အသင်းကို အနိုင်ယူပြီးနောက် ရာသီကုန်ဖို့ ၃ ပွဲ အလို ကတည်းက စီးရီးအေ ချန်ပီယံဆုကို အပြတ်အသတ် အောင်ပွဲခံနိုင်ခဲ့တာပါ။
အင်တာမီလန် အသင်းဟာ လာမယ့် ၂၀၂၆-၂၇ ရာသီသစ်ရဲ့ စီးရီးအေ ပွဲဦးထွက် ကိုတော့ မွန်ဇာ အသင်းနဲ့ သူတို့ အိမ်ကွင်းမှာ စတင် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ချီဗူး တစ်ယောက် အပြာရောင် မီလန်နဲ့ အတူ ရာသီသစ်မှာ အောင်မြင်မှုတွေ ဆက်လက် ရယူနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


