ပြင်သစ် အသင်း ကလည်း ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ စံချိန်သစ်တွေနဲ့ အတူ ပရိသတ်တွေကို ရင်ခုန် စိတ်လှုပ်ရှားစေခဲ့ပါတယ်။ နယူးယောက် နယူးဂျာစီ စတေဒီယမ်မှာ ကစားခဲ့တဲ့ အုပ်စု (I) ပွဲစဉ်မှာ ပြင်သစ် အသင်းက ဆီနီဂေါကို ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စု ပထမ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ အဓိက ဇာတ်လိုက် ကတော့ တခြားသူ မဟုတ်ဘဲ ပြင်သစ် အသင်းရဲ့ ဂန္ထဝင် တိုက်စစ်မှူး အိုလီဗီယာ ဂျရူးရဲ့ စံချိန်ကို ကျော်ဖြတ်ပြီး ပြင်သစ်နိုင်ငံရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့တဲ့ ကီလီယန် အမ်ဘာပေးပဲ ဖြစ်ပါတယ်။
ပထမပိုင်း မှာတော့ နှစ်သင်းစလုံး ကစားပုံ အနည်းငယ်အေးခဲ့ပြီး ဆီနီဂေါ ဘက်က နီကိုးလက်စ် ဂျက်ဆန်ရဲ့ ကန်ချက် ဂိုးတိုင်ထိထွက်ခဲ့သလို၊ ပထမပိုင်းပြီးခါနီး မှာလည်း အစ္စမိုင်လာ ဆားက အပိုင်ကန်ခွင့်ရပေမယ့် ဂိုးဘားတန်းပေါ် ကျော်သွားခဲ့လို့ ဆီနီဂေါတို့ နောင်တရစရာ ဖြစ်ခဲ့ပါတယ်။ ပြင်သစ် အသင်း အတွက်တော့ ပထမပိုင်းမှာ တိုက်စစ်ပိုင်း အချိတ်အဆက် အားနည်းခဲ့ပြီး အမ်ဘာပေး တစ်ယောက်ပဲ ရှေ့တန်းမှာ ဘောလုံးထိခွင့်ရခဲ့တာပါ။
ဒါပေမယ့် ဒုတိယပိုင်း မှာတော့ နည်းပြ ဒက်စ်ရွှမ့်စ်ရဲ့ ပြင်သစ် အသင်းဟာ ကစားပုံ ပြောင်းလဲပြီး ပွဲကို အရှိန်မြှင့်လာခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ မှာ အမ်ဘာပေး ဖျက်ထုတ်ခံရလို့ ပြင်သစ်တို့ ပင်နယ်တီရမလို ဖြစ်ခဲ့ပေမယ့် VAR ကြည့်ပြီးနောက် ကွင်းလယ်ဒိုင်က ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမယ့် စိတ်ပျက်မသွားတဲ့ အမ်ဘာပေး ကပဲ နောက် ၆ မိနစ် အကြာမှာ မိုက်ကယ် အိုလီဆေးရဲ့ ဖန်တီးပေးမှု ကနေ တစ်ဆင့် လှလှပပ လှည့်ကန်ပြီး ပြင်သစ် အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
ပွဲချိန် ၈၂ မိနစ် မှာတော့ လူစားဝင် ကစားသမား ဘရက်ဒ်လေ ဘာကိုလာက ရာဘီယော့တ်ရဲ့ ကွက်တိကျတဲ့ ပေးပို့မှု ကနေ ဂိုးသမား မန်ဒီရဲ့ ခေါင်းပေါ်ကနေ ကျော်သွင်းပြီး ပြင်သစ် အတွက် ဒုတိယဂိုး ယူပေးခဲ့ပါတယ်။ ဘာကိုလာဟာ ကွင်းထဲ ရောက်ပြီး ၁၃၁ စက္ကန့်အကြာ မှာတင် ပြင်သစ် အတွက် ကမ္ဘာ့ဖလား ပွဲဦးထွက်ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆီနီဂေါ ဘက်က အသက် ၁၈ နှစ် အရွယ် လူငယ် ကြယ်ပွင့် အီဘရာဟင် အမ်ဘာယီက ထောင့်ကျဉ်းကနေ ချေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့လို့ ပွဲက ပြန်လည် အသက်ဝင်လာခဲ့ပေမယ့်၊ ဆီနီဂေါတို့ အောင်ပွဲခံလို့မှ မဆုံးသေးခင် ၆၈ စက္ကန့် အကြာမှာပဲ အမ်ဘာပေးက ဧရိယာ အပြင်ဘက် ကနေ ပြင်းထန်လှတဲ့ အဝေးကန်ချက်နဲ့ တတိယဂိုး သွင်းယူပြီး ဆီနီဂေါရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ပါတယ်။
ဒီပွဲမှာ အမ်ဘာပေး တစ်ယောက် ပြင်သစ် လက်ရွေးစင် အသင်း အတွက် ၅၇ ဂိုးနဲ့ ၅၈ ဂိုးမြောက် သွင်းဂိုးတွေကို ရှာဖွေနိုင်ခဲ့တာကြောင့် ဂျရူးရဲ့ စံချိန်ကို ကျော်ဖြတ်ကာ ပြင်သစ် အမျိုးသားအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းသူ ဖြစ်လာခဲ့ပါပြီ။ ဒါတင်မကသေးဘဲ သူချိုးဖျက်ခဲ့တဲ့ စံချိန်တွေ ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ ပြင်သစ် အတွက် ၁၄ ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့တာမို့ ဝါရင့် ဂန္ထဝင်ကြီး ဂျက်စ် ဖွန်တိန်းရဲ့ ၁၃ ဂိုး စံချိန် ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းထားတဲ့ ကလိုဆေးရဲ့ ၁၆ ဂိုး စံချိန်ကို မှီဖို့ ၂ ဂိုးပဲ လိုပါတော့တယ်။
ပြင်သစ် အသင်းဟာ ၂၀၂၂ ခုနှစ်ကတည်းက စလို့ ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ ပြိုင်ဘက်တွေရဲ့ ကန်ချက် ၅ ကြိမ် အထိ ဂိုးတိုင်ထိထွက်ခဲ့လို့ ကံတရားရဲ့ မျက်နှာသာပေးမှု ကိုလည်း အများဆုံး ရရှိထားတဲ့ အသင်းဖြစ်ပါတယ်။ တစ်ဖက်မှာ ရှုံးနိမ့်ခဲ့တဲ့ ဆီနီဂေါ အသင်း မှာလည်း အားရစရာ လူငယ် ကြယ်ပွင့် တစ်ယောက် ပေါ်ထွက်လာခဲ့ပါတယ်။ ချေပဂိုး သွင်းခဲ့တဲ့ အီဘရာဟင် အမ်ဘာယီဟာ အသက် ၁၈ နှစ်နဲ့ ၁၄၃ ရက်သာ ရှိသေးတာကြောင့် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး အာဖရိက ဂိုးသွင်းရှင် အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ အားကောင်းမောင်းသန် ဆီနီဂေါကို အနိုင်ယူပြီး ချန်ပီယံဆု အတွက် အဆင်သင့် ဖြစ်နေကြောင်း သက်သေပြသွားတဲ့ ပြင်သစ် အသင်းရဲ့ ရှေ့ဆက်မယ့် ပွဲစဉ်တွေ ကတော့ တကယ့်ကို စောင့်ကြည့်ချင်စရာပဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


